ရှာဖွေရန်

Friday, March 10, 2017

Window 10 မှာ Tile လေးတွေဖန်တီးကြမယ်

ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)

Windows 10 ရဲ့ start menu ဟာ windows 8.1 မှာထက် အများကြီးပို ကောင်းလာတယ်။ ဒါပေမဲ့ သူ့ menu ကို ကိုယ့်စိတ်ကြိုက်အများကြီး ပြုပြင်ပြောင်းလဲခွင့်တော့မရှိသေးဘူး။ Windows ကိုယ်တိုင်တစ်ခါတည်း အပြီးဖန်တီးလွှတ်လိုက်တဲ့ tile တချို့ဟာ ကြည့်ရတာ ငြီးငွေ့ဖို့ကောင်းပါတယ်။ Tile လေးတွေကို medium size ထားလိုက်ရင် ပိုပြီး ငြီးငွေ့ဖို့ ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုရင် medium size မှာ icon လေးတွေ က အရမ်းသေးသွားပြီး သူ့ကိုအနားသတ်ထားတဲ့ အပြာရောင်ဘောင်ထဲမှာ ရုပ်ပျောက်သွားလို့ဖြစ်ပါတယ်။ 

Tile တွေကို windows သုံးစွဲသူစိတ်ကြိုက်ပြုပြင်ဖို့ microsoft အများကြီးလမ်းဖွင့်ပေးမထားပါဘူး။ များများ စားစားပြုပြင်ချင်တယ်ဆိုရင်ဖြင့် TileIconifier ဆိုတဲ့ software သုံးရပါလိမ့်မယ်။ သူက portable tool ပါ။ Portable ဆိုပေမယ့် tile ထဲမှာ ထည့်ထားတဲ့ icon တစ်နည်းပြောရရင် shortcut တွေကို စိတ်ကြိုက်ပြုပြင် ခွင့်ပေးပါတယ်။ ဒါကြောင့် icon တွေကို ကြည့်ရတာ အရင်ကထက် ပိုပြီးအဆင်ပြေလာပါတယ်။ ဒါ့အပြင် icon  နဲ့ ပတ်သက်လာရင် Microsoft က default ပေးထားတဲ့ icon ကို သုံးစရာ မလိုပါဘူး။ ကိုယ်နှစ်သက်ရာ တခြား icon ကိုပြောင်းပြီး သုံးနိုင်ပါတယ်။ ဒါ့အပြင် tile ရဲ့ background color ကိုလည်း စိတ်ကြိုက်အရောင်အမျိုးမျိုး နဲ့ တန်ဆာဆင်နိုင်ပါတယ်။ 

အခုဖော်ပြမယ့် လက်တွေ့လုပ်ငန်းစဉ်မှာ TileIconifier ကိုသုံးပြီး firefox tile ကိုပိုကောင်းအောင်ပြုပြင် ယူကြပါမယ်။ ဒီ software ဟာ Desktop application တွေကိုချည်း စိတ်ကြိုက်ပြောင်းရမယ်လို့ ကန့်သတ် မထားပါဘူး။ သူ့ထဲက Custom shortcut Manager  ဟာ chrome app ၊ Windows app ၊ folder နဲ့ URL ရဲ့ shortcut တွေ အထိအောင် ပြောင်းလဲခွင့်ပြုပါတယ်။ ကိုယ့်စိတ်ဆန္ဒရှိတဲ့အတိုင်း icon တွေကို ပြောင်းလဲခွင့်ပြု တာဖြစ်ပါတယ်။ ဒီ software ဟာ ဘယ် shortcut ကို ပြောင်းလိုက်သလဲဆိုတာကို အလွယ်တကူမြင်သာ အောင် ပြပေးပါမယ်။ ပြောင်းလိုက်တဲ့ဟာကို မကြိုက်ဘူးဆိုရင်လည်း button တစ်ချက်နှိပ်ရုံနဲ့ မူလ icon ဆီ ပြန်သွားနိုင်ပါတယ်။ 

ပထမဆုံး TiteIconifier ကို www.bit.ly/tile409 ကနေ download ချပါမယ်။ ပြီးရင် run ပါမည်။ Shortcut list ကိုကြည့်ပြီး အဲဒီအထဲက ကိုယ်  icon ပြောင်းချင်တဲ့ program ကို ရွေးပါမယ်။ Change Medium and Small image together ဆိုတဲ့ option ဘေးမှာ အမှန်ခြစ်ပေါ်အောင် လုပ်ပေးထား ရပါမယ်။ ပြီးရင် Medium icon box  နေရာမှာ ဘယ်ကလစ်နှစ်ချက်နှိပ်ပါမယ်။ ပြီးရင် Software ထဲမှာပေးထားတဲ့ icon တွေထဲက တစ်ခုကို ရွေးပါမယ်။ ဒါမှမဟုတ် ကိုယ်တိုင် ဖန်တီးထားတဲ့ image ရှိရင်လည်း upload တင်နိုင်ပါတယ်။ ပြီးရင် OK မှာ ကလစ်နှိပ်ပါမယ်။

ဒီနောက် TileIconifier ဟာ medium နဲ့ small tile တွေမှာ အလိုက်သင့် ဝင်ဆန့်အောင် icon ကို အလိုအလျောက်ညှိပေးပါမယ်။ ညှိပြီးသွားတဲ့အခါမှာ Preview လာပြပေးပါမယ်။ Tile တစ်ခုထဲမှာရှိနေတဲ့ icon ကို zoom button နဲ့ slider တွေသုံးပြီး ကိုယ့်စိတ်ကြိုက်အရွယ်အစားရအောင် လွတ်လွတ်လပ်လပ် ညှိယူလို့လည်း ရပါတယ်။ Align image button ကိုသုံးပြီး tile ထဲမှာရှိတဲ့ icon position ကို ညှိယူလို့ ရပါတယ်။ icon အရွယ်အစားနဲ့ position ကို စိတ်ကြိုက်စမ်းပြီးပြီဆိုရင် ရှေ့ဆက်မလားစဉ်းစားပါ။ ဒါမှမဟုတ် TileIconifier ရဲ့ default configuration ထဲ နောက်ကြောင်းပြန်ချင်သလား။ Reset button ကိုနှိပ်ပြီး နောက်ကြောင်းပြန်နိုင်ပါတယ်။ 

Dropdown menu ထဲက တစ်ခုခုကိုရွေးပြီး tile ရဲ့ background color ကို ပြောင်းလို့လည်း ရပါတယ်။ Dropper tool  နဲ့ ကြိုက်ရာ color တစ်ခုကို ထောက်ယူပြီး ပြောင်းချင်ပြောင်း ဒါမှမဟုတ် color chart ထဲက အရောင်တစ်ရောင်ကို ရွေးပြီးပြောင်းဖို့လည်း ရပါတယ်။ Program တစ်ခုမှာ icon ကို ပြောင်းလိုက်ရုံနဲ့ မှတ်မိ လွယ်နေပြီဆိုရင် Medium အရွယ်အစား tile ရဲ့ foreground စာသားတွေကို ဖယ်ကောင်းဖယ်ချင် လာပါလိမ့် မယ်။ TileIconifier ဟာ မူလစာသားအရောင်အစား ပိုပြီးနက်မှောင်တဲ့ အရောင်ကို ပြောင်းခွင့်ပြုပါတယ်။ စာသားအရောင်ရင့်ရင့်ကိုရွေးရင် နောက်ခံ အရောင်ဖျော့ဖျော့ သုံးလို့ရပြီပေါ့။ 

ကိုယ်လုပ်ပြီးသမျှတွေကိုမကြိုက်ရင် background color အပါအဝင် အားလုံးကို Reset နှိပ်ပြီး နောက်ကြောင်း ပြန်လို့ရပါတယ်။ နောက်ခံအရောင်ကော icon ကိုပါကြိုက်ပြီဆိုရင် tile Iconify button ကိုနှိပ်ပါ။ မူရင်းကနေ ပြောင်းပြီး update လုပ်ပေးသွားပါမယ်။ ပြောင်းထားတဲ့ program ကို start menu ကနေ unpin နဲ့ repin ကြိုက်သလို လုပ်နိုင်ပါတယ်။ ပြောင်းထားတဲ့ဟာတွေ အသက်ဝင်လာအောင် ကွန်ပျူတာကို restart ချဖို့ လို ပါတယ်။ Program တစ်ခုရဲ့ icon ကို ပြောင်းလိုက်ပြီဆိုရင် TileIconifier ရဲ့ shortcut list ထဲမှာ အဲဒီ program ဟာ အမှန်ခြစ်ကလေးနဲ့အတူ ပေါ်နေမှာဖြစ်ပါတယ်။ Iconified ဆိုတဲ့ သဘောပါ။ ပြောင်းပြီးသား program တစ်ခုကို မူလ Windows icon နဲ့ထားချင်တယ်ဆိုရင် list ထဲကနေ အဲဒီ program ကိုရွေးပါ။ Remove icon button မှာ ကလစ်နှိပ်ပါ။ 

TileIconifier ရဲ့ main list ထဲမှာလာမပေါ်တဲ့ program တွေရဲ့ shortcut တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ Utilities မှာ ကလစ်နှိပ်ပြီး custom shortcut manager ကို ရွေးပါ။ ပြီးရင် Create new shortcut ကို ရွေးပါ။ Explorertab ကနေပြီး control panel တို့လို documents တို့လို special folder shortcut အသစ်တွေ ဖန်တီးပေးနိုင်ပါသေးတယ်။ Download ကိုလည်း shortcut အသစ်လုပ်ချင်ရင်လုပ်လို့ရပါတယ်။ တခြား shortcut အပြောင်းအလဲလုပ်နိုင်တာက chrome app ဖြစ်ပါတယ်။ ဒီကိစ္စအတွက် chrome app tab မှာ ကလစ်နှိပ်ပါ။ Gmail အပါအဝင် chrome app တွေအတွက် shortcut တွေ အသစ်ပေါင်းထည့်နိုင်ဖို့ ဖြစ်ပါတယ်။ Google Docs နဲ့ Play Music ကိုလည်း ထည့်ပေးလို့ရပါတယ်။ Chrome အတွက်သာမကပဲ Windows app တွေအတွက်လည်း Shortcut တွေ ဖန်တီးနိုင်ပါတယ်။ ဥပမာ ပြောရရင် Microsoft Edge လိုဟာမျိုးပေါ့။ Edge ရဲ့ Icon ကို Tilelconifier ကလွဲပြီး တခြားနည်းနဲ့ ပြောင်းလို့မရပါဘူး။  

နောက်ဆုံးအဆင့်အနေနဲ့ URI တွေကို shortcut ဖန်တီးထားကြမယ့် URI တွေကို speed dial အနေနဲ့ shortcut တွေ ဖန်တီးထားတာ မိုဘိုင်းဖုန်းတွေပေါ်မှာက အဆန်းမဟုတ်ပါဘူး။ ရနေတာကြာပြီ။ ကွန်ပျူတာ ပေါ်မှာဆိုရင်လည်း Maxthon cloud browser တို့  slimjet browser တို့ မှာ အဲဒီလို shortcut တွေ ဖန်တီး ခွင့်ပြုထားပါတယ်။ Windows default browser တွေမှာ ဒီလိုဖန်တီးခွင့်ပေးထားတာမျိုး မတွေ့ဘူးသေးပါဘူး။ ကောင်းပြီး မရတာကိုပဲ လုပ်ကြည့်မယ်။ URI tab ကို ဖွင့်ပါ။ သူ့ကို သုံးပြီး ကိုယ်ရွေးချယ်လိုက်တဲ့ website တစ်ခုရဲ့ လိပ်စာကို shortcut  အဖြစ် ဖန်တီးကြပါမယ်။

ကိုယ်ဖန်တီးလိုက်သမျှ Website လိပ်စာ Shortcut တွေဟာ TileIconifier ရဲ့ shortcut list ထဲမှာလာပေါ်မှာ ဖြစ်ပါတယ်။ Website Shortcut ရှိနေတဲ့ tile မှာ ပြုပြင်ပြောင်းလဲရင်လည်း ဒီလိုပဲလာပြီး ပေါ်ပါမယ်။ Website လိပ်စာတွေရဲ့ shortcut ကို မထားချင်တော့ဘူးဆိုရင်လည်း Custom Shortcut Manager ကတစ်ဆင့်ဝင်ပြီး ဖျက်ထုတ်နိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် shortcut တွေ Iconified လုပ်ပြီးတဲ့အခါတိုင်းမှာ start menu ကိုဖွင့်ပြီး Expend လုပ်ပေးပါ။ TileIconifier က ရှာတွေ့စေဖို့ ဖြစ်ပါတယ်။ Shortcut တစ်ခုပေါ်မှာ ညာကလစ်ထောက်ပါ။ ပြီးရင်ပေါ်လာတဲ့အကွက်ထဲက pin to start ကိုရွေးပါ။ အဲဒီ shortcut ကို start menu ထဲ ပေါင်းထည့်ဖို့ဖြစ်ပါတယ်။ ပြီးရင် အဲဒီ shortcut ကို ကိုယ်ဆန္ဒရှိသလို move နဲ့ resize လုပ်နိုင်ပါတယ်။



Credit- Netguide Journal

အဆင်ပြေကြပါစေဗျာ
အောင်မြင့်မြတ်(Myanmar Youths)
ဒီနေရာ  လေးကိုနှိပ်ပြီး နည်းပညာသတင်းတွေ၊ နည်းပညာဆိုင်ရာနည်းလမ်းလေးတွေကို ပိုမိုစုံလင်စွာ ဖတ်ရှုနိုင်ပါပြီ။

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။


မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။